洪荃诠

ရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ် “တရုတ်ပြည်ကို သိရှိနားလည်ခြင်း” နိုင်ငံတကာ အစည်းအဝေး(ကွမ်ကျိုး) ဖွင့်ပွဲအခမ်းအနားသို့ ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြား

(GMT+08:00)2021-12-03 00:34:30  

ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  ၂၀၂၁ ခုနှစ် “တရုတ်ပြည်ကို သိရှိနားလည်ခြင်း” နိုင်ငံတကာအစည်းအဝေး(ကွမ်ကျိုး) ဖွင့်ပွဲ အခမ်းအနားသို့ ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာသည် ရာစုနှစ်တွင် မကြုံစဖူးသော ပြောင်းလဲမှုကြီးနှင့် ကိုဗစ်-၁၉ ရောဂါ တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားခြင်း၏ ဂယက်ရိုက်ခတ်မှုကြောင့် မတည်ငြိမ်သော ပြောင်းလဲမှုကာလသို့ ရောက်ရှိကြောင်း၊ ယင်းအချိန်တွင် ကမ္ဘာ့ စိန်ခေါ်မှု များကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် အတွေးအခေါ်ပိုင်းဆိုင်ရာ ကူးလူးဖလှယ်မှု မြှင့်တင်ခြင်းနှင့် ကူးလူးဖလှယ်မှုပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ခြင်းကို ပိုမို လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က ယနေ့တရုတ်နိုင်ငံကို သိရှိနားလည်ရန်နှင့် တရုတ်ကွန်မြူနစ်ပါတီကို သိရှိနားလည်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ဖြစ်ကြောင်း၊ ယင်း နှစ် ၁၀၀ အတွင်း တရုတ်ကွန်မြူနစ် ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်ပြီး ကြိုးပမ်းအားထုတ်ခြင်းဖြင့် တရုတ်ပြည်သူများ၏ အနာဂတ်နှင့် ကံကြမ္မာကို အခြေခံကျကျ ပြောင်းလဲစေသည့်အပြင် ကမ္ဘာ့သမိုင်း လမ်းကြောင်းကိုလည်း လေးနက်စွာ သက်ရောက်စေခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီ သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း၊ တံခါးဖွင့် လမ်းကြောင်းကို စွဲကိုင်ပြီး လူသားကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေး၍ ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးရေးအကျိုးပြုသူ၊ နိုင်ငံတကာ စည်းစနစ် ထိန်းသိမ်းထားသူအဖြစ် အစဉ်တစိုက် ဆောင်ရွက်ပြီး ကမ္ဘာ့ ယဉ်ကျေးမှုတိုးတက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို အကျိုးပြုရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။