洪荃诠

ဒီမိုကရေစီထိပ်သီးအစည်းအဝေး ကျင်းပခြင်းမှာ သွေးခွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော် ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2021-12-02 14:40:44  

ဒီမိုကရေစီထိပ်သီးအစည်းအဝေး ကျင်းပခြင်းမှာ သွေးခွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော် ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို_fororder_W020211201755551290963

ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယခုတလော ရုရှားနှင့် နိုင်ငံများစွာ သည် အမေရိကန်နိုင်ငံမှ ဒီမိုကရေစီထိပ်သီးခေါင်းဆောင်များအစည်းအဝေးဟူသည်ကို ကျင်းပခြင်းအတွက် မကျေမနပ်ဖြစ်မိကြကြောင်း၊ အမေရိကန်နိုင်ငံသည် မိမိ၏ စံချိန်စံနှုန်းဖြင့် ကမ္ဘာပေါ်တွင် နိုင်ငံနှင့်ဒေသတစ်ဝက်ကျော်အား အမေရိကန်ပုံစံဖြစ်သော ဒီမိုကရေစီ အုပ်စုထဲတွင် ထည့်သွင်းရန်၊ တစ်ချိန်တည်းတွင် နိုင်ငံနှင့်ဒေသ နောက်တစ်ဝက်အား ဒီမိုကရေစီမဟုတ်သော အုပ်စုထဲတွင် ထည့်သွင်းရန် ကြံစည် နေကြောင်း၊ ၄င်းသွေးခွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော်သောလုပ်ရပ်မှာ နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို အပြင်းအထန် ထိခိုက်စေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အနှောင့်အယှက်ပေး၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုခံရလိမ့်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။