洪荃诠

ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ United Russia ပါတီ ထူထောင်ခဲ့သည့် နှစ်၂၀ ပြည့်မြောက်ခြင်း နှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2021-12-02 14:42:49  

ဒီဇင်ဘာလ ၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ United Russia ပါတီ ထူထောင်ခဲ့သည့် နှစ် ၂၀ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ကို ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ရုရှား United Russia ပါတီ အဆက်အသွယ် ထားရှိခဲ့သည့် နှစ်၂၀ ပြည့်မြောက်ခြင်းဖြစ်ကြောင်း၊ နှစ်၂၀ အတွင်း ပါတီနှစ်ပါတီ ဆက်ဆံရေး အဆက်မပြတ် ရှေ့သို့ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လည်းကောင်း၊ တရုတ်-ရုရှားနိုင်ငံရေးနှင့် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရေး လည်းကောင်း၊ နှစ်နိုင်ငံဘက်ပေါင်းစုံ အပြန်အလှန်အကျိုးရှိစေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန်လည်းကောင်း၊ နှစ်နိုင်ငံမဟာဗျူဟာ ညှိနှိုင်း ပူးပေါင်းမှုကို နက်ရှိုင်းစေရန်လည်းကောင်း ထူးခြားသောအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။
တရုတ်ကွန်မြူနစ်ပါတီသည် ရုရှား United Russia ပါတီနှင့်ချစ်ကြည်ရေးကို တန်ဖိုး ထားကြောင်း၊ နှစ်ပါတီအနေနှင့် စနစ်အတိုင်း ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကို ဆက်လက်အားဖြည့်ပြုလုပ်ပြီး ခေတ်သစ်တရုတ်-ရုရှားဆက်ဆံရေးကို ပိုမိုမြင့်မားသောအရည်အသွေးသို့ တက်လှမ်းမှုကို တွန်းအားပေးကာ လူသားကံကြမ္မာတူ အသိုက်အဝန်း ထူထောင်မှုကို တွန်းအားပေးရန်အတွက် အသိဉာဏ်နှင့်အင်အားကို အကျိုးပြု စွမ်းဆောင်မည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။