洪荃诠

“တရုတ်ပြည်ကို သိရှိနားလည်ခြင်း” စာအုပ် (ဒုတိယတွဲ) တရားဝင်ထုတ်ဝေ

(GMT+08:00)2021-12-02 14:41:49  

“တရုတ်ပြည်ကို သိရှိနားလည်ခြင်း” စာအုပ် (ဒုတိယတွဲ) တရားဝင်ထုတ်ဝေ_fororder_444

တရုတ်နိုင်ငံတော်ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် သုတေသနအဖွဲ့နှင့် တရုတ်နိုင်ငံခြားဘာသာစာပေထုတ်ဝေဖြန့်ချိရေးဦးစီးဌာနတို့က ကြီးမှူး ကျင်းပ သော  “တရုတ်ပြည်ကို သိရှိနားလည်ခြင်း” စာအုပ်(ဒုတိယတွဲ) ထုတ်ဝေပွဲကို ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပခဲ့သည်။
“တရုတ်ပြည်ကို သိရှိနားလည်ခြင်း” စာအုပ်သည် တရုတ်ပြည်တွင်းပညာရှင်များကို ဖိတ်ခေါ်ပြီး တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ သမိုင်းကြောင်းတွင်ရရှိသည့် ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှု၊ တရုတ်စည်းစနစ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးစနစ်၊ “Belt and Road”၊ ဒေသတွင်းစီးပွားရေး၊ ဖွံ့ဖြိုးနေဆဲဖြစ်သော တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် ရောဂါပြီးခေတ် တရုတ်နှင့်ကမ္ဘာဆက်ဆံရေးစသော ပြည်တွင်းပြည်ပအာရုံစူးစိုက်ကြသော ကိစ္စရပ်များကို ရေးသားဖော်ပြရုံသာမက ပိုမိုများပြားသော နိုင်ငံခြားစာရေးဆရာများမှတဆင့် တရုတ်ပြည်အကြောင်းကိုလည်း ရှင်းလင်းဖေါ်ပြထားကြောင်း သိရပါသည်။