洪荃诠

ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား မင်းသား Norodom Ranariddh ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ထံသို့ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့

(GMT+08:00)2021-12-02 14:39:20  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား တော်ဝင်မင်းသား Norodom Ranariddh ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁ ရက်နေ့က ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ထံသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က မင်းသား Norodom Ranariddh သည် ကမ္ဘောဒီးယား တော်ဝင်မိသားစု၏ အရေးပါသော အဖွဲ့ဝင်ရော တရုတ်နိုင်ငံ၏ သူငယ်ချင်းကောင်းပါ ဖြစ်ကာ တရုတ်-ကမ္ဘောဒီးယား ကူးလူးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်ပြီး အကျိုးပြုခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား ရိုးရာချစ်ကြည်ရင်းနှီးမှုကို တည်တံ့ခိုင်မြဲစေရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန် လွန်စွာ အလေးထားကာ နှစ်နိုင်ငံပြည်သူများချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူအသိုက်အ၀န်းထူထောင်ရေး စဉ်ဆက်မပြတ် ရှေ့တိုးမှု အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။