宋冉

တရုတ်နိုင်ငံ၏ ပထမ ၉ လ ဂျီဒီပီမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၉.၈ ရာခိုင်နှုန်းတိုးများ၊ တတိယ ၃ လ ဂျီဒီပီသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၄.၉ ရာခိုင်နှုန်း တိုးများ

(GMT+08:00)2021-10-18 11:55:11  

အောက်တိုဘာ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေး ရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၁ ခုနှစ် ပထမ ၉လ အမျိုးသား စီးပွားရေးလည်ပတ်မှုအကြောင်းကို မိတ်ဆက်ခဲ့သည်။

      တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖုလင်ဟွေက ပထမ ၉လ အမျိုးသားစီးပွားရေးသည် နာလန်ပြန်ထူသော အနေအထားကို ထိန်းထားနိုင်ကြောင်း၊ ပထမ ၉ လ ဂျီဒီပီမှာ ယွမ် ၈၂၃၁၃.၁ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၉.၈ ရာခိုင်နှုန်းတိုးများကာ တတိယ ၃လပတ် ဂျီဒီပီမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၄.၉ ရာခိုင်နှုန်းတိုးများကြောင်း ပြောကြားပါသည်။