宋冉

ဟောင်ကောင်၏လူမှုရေးသက်သာချောင်ချိရေးအပေါ် အသုံးစရိတ်ပမာဏသည် ၄နှစ်တွင် ၆၂ရာခိုင်နှုန်းတိုးများလာခဲ့သည်ဟု Carrie Lamဆို

(GMT+08:00)2021-10-18 12:00:50  

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူး Carrie Lamက ယခုအကြိမ် ဟောင်ကောင်အစိုးရသည် ဆင်းရဲမွဲတေသူများကူညီထောက်ပံ့ရေးလုပ်ငန်းကို အလေးအလွန်ထား၍ လူမှုရေးသက်သာခောင်ချိရေးလုပ်ငန်းအပေါ် ပုံမှန်အသုံးစရိတ်သည် လွန်ခဲ့သည့်၎နှစ်အတွင်း ၆၂ရာခိုင်နှုန်းတိုးများလာကြောင်း အောက်တိုဘာလ၁၇ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

Carrie Lamက ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ဟောင်ကောင်ဒေသမှ အခြေခံမြို့သူမြို့သားများ၏နေထိုင်မှုသည် ကြီးမားသော စိမ်ခေါ်မှုကို ရင်ဆိုင်ခဲ့ကြောင်း၊ ကူးစက်ရောဂါကို ရင်ဆိုင်ရာတွင် ဟောင်ကောင်အစိုးရ၏ လူမှုရေးသက်သာချောင်ချိရေးအပေါ် ပုံမှန်အသုံးစရိတ်ပမာဏသည် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၏ ဟောင်ကောင်ဒေါ်လာ၆၅.၃ဘီလီယံမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၏ ဟောင်ကောင်ဒေါ်လာ ၁၀၅.၇ဘီလီယံအထိ တိုးများလာကြောင်း သတင်းရရှိပါသည်။