宋冉

န၀မ အကြိမ်မြောက် ကမ္ဘာ့တရုတ်ပြည်ရေးရာ ဖိုရမ်ကို ရှန်ဟိုင်းတွင် ကျင်းပမည်

(GMT+08:00)2021-10-18 12:06:12  

"တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်၊ကမ္ဘာ" ဆောင်ပုဒ် ဖြစ်သည့် န၀မ အကြိမ်မြောက် ကမ္ဘာ့တရုတ်ပြည်ရေးရာ ဖိုရမ်ကို အောက်တိုဘာလ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပမည်ဖြစ်သည်။

န၀မအကြိမ်မြောက် ကမ္ဘာ့ တရုတ်ပြည်ရေးရာ ဖိုရမ်သည် ပြည်တွင်းပြည်ပမှ နာမည်ကြီး ပညာရှင် ၁၅၆ ဦးအား ဖိတ်ခေါ်မည်ဖြစ်ပြီး ၄င်းတို့အနက် အော့ဖ်လိုင်း ပါဝင်သူ ၇၁ ဦး နှင့် အွန်လိုင်း ပါဝင်သူ ၈၅ ဦး ရှိပါသည်။ ၄င်းတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေး စသည့်နယ်ပယ် များစွာမှ တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တစ်ရာ သမိုင်းစဉ်နှင့် တရုတ်ပြည် နှင့် ကမ္ဘာ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါ အဓိပ္ပါယ်များ အကြောင်းကို ဆွေးနွေးကြမည်ဟု သိရပါသည်။