辛甜

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ နိုင်ငံတကာ ဆက်တိုက်ဖွံ့ဖြိုးသော လမ်းပန်းဆက်သွယ်ရေး အစည်းအဝေးတွင် ပီကင်း ကြေညာစာတမ်း ထုတ်ပြန်

(GMT+08:00)2021-10-17 09:50:58  

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ နိုင်ငံတကာ ဆက်တိုက်ဖွံ့ဖြိုးသော လမ်းပန်းဆက်သွယ်ရေး အစည်းအဝေးတွင် ပီကင်း ကြေညာစာတမ်း ထုတ်ပြန်_fororder_1017-12

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ နိုင်ငံတကာ ဆက်တိုက်ဖွံ့ဖြိုးသော လမ်းပန်းဆက်သွယ်ရေး အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ရာ ယခုအကြိမ် အစည်းအဝေးတွင် ပီကင်း ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယင်းကြေညာစာတမ်းတွင် ဆက်တိုက်ဖွံ့ဖြိုးသော လမ်းပန်းဆက်သွယ်ရေး အရေးကြီးကြောင်းနှင့် ဆက်တိုက်ဖွံ့ဖြိုးသော လမ်းပန်းဆက်သွယ်ရေးသို့ လျင်မြန်စွာ မြှင့်တင်ပြောင်းလဲခြင်းသည် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် အရေးကြီး လမ်းကြောင်း ဖြစ်ကြောင်းကို ရှင်းလင်းဖေါ်ပြထားပါသည်။

ယခုအကြိမ် သုံးရက်ကြာ ကျင်းပခဲ့သော အစည်းအဝေးတွင် မျက်နှာစုံညီအစည်းအဝေး၊ ဝန်ကြီးများ ဖိုရမ်၊ ဆောင်ပုဒ် အစည်းအဝေး၊ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေးဖိုရမ်၊ လုပ်ငန်းရှင်များဖိုရမ် စသည့် လှုပ်ရှားမှု ၁၄ ရပ်ကို ပြုလုပ်ခဲ့ပါသည်။