张晓宁

ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ရန် တရုတ်ပြည်၏ ခိုင်မာပြတ်သားသော စိတ်ပိုင်းဖြတ်မှုကို မည်သည့် အင်အားစုမှ လျှော့တွက်၍ မရ

(GMT+08:00)2021-09-25 13:51:39  

  အမေရိကန်၏ ဟောင်ကောင်ရေးရာများတွင် ဝင်ရောက်စွက်ဖက်မှု၊ တရုတ်ပြည်ကို ဆန့်ကျင်ရေးနှင့် ဟောင်ကောင်ကို ဒုက္ခရောက်စေရေး အင်အားစုများအပေါ် အားပေးထောက်ခံခြင်း ဆိုင်ရာ “အဖြစ်မှန် စာရင်း”ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၂၄ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၄င်း“အဖြစ်မှန် စာရင်း”တွင် ၂၀၁၉ခုနှစ်က ဟောင်ကောင် “ဝရမ်းပြေး စည်းမျဉ်းဥပဒေ” ပြုပြင်ရေး ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်း၌ ဟောင်ကောင် လူ့ဘောင်အဖွဲ့အစည်း များတွင် မတည်မငြိမ် ဖြစ်စေမှု ဖန်တီးရန် အမေရိကန်၏ ဆိုးယုတ်သည့် ဆောင်ရွက်မှုများကို ပြသကြောင်း၊ ယင်းဆောင်ရွက်မှုများတွင် ဟောင်ကောင်နှင့် ပတ်သက်သော ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းခြင်း၊ အရေးယူမှုဆိုသည်ကို ဇွတ်တရွတ် ကျင့်သုံးဆောင်ရွက်ခြင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသရေးရာများကို သားပုပ်လေလွင့်ပြောဆိုခြင်း၊ တရုတ်ပြည်ကို ဆန့်ကျင်ရန်နှင့် ဟောင်ကောင်ကို ဒုက္ခရောက်စေရန် ဆောင်ရွက်သူများ အပေါ် အကာအကွယ်ပေးခြင်းနှင့် အားပေး ထောက်ခံခြင်း၊ မဟာမိတ်နိုင်ငံများနှင့် အတူ ဟောင်ကောင်ရေးရာများတွင် ဝင်ရောက်စွက်ဖက်ကြခြင်း စသည်များ ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယင်းခိုင်လုံသည့် သက်သေအထောက်အထားများမှတစ်ဆင့် ဟောင်ကောင်ရေးရာများတွင် ဝင်ရောက်စွက်ဖက်ရန် အမေရိကန်၏ အကျင့်တန်သည့် နည်းလမ်းများ အသုံးပြုခြင်းနှင့် ဟန်ဆောင် ထားမှုရှိသော စံချိန်၂မျိုး ကျင့်သုံးခြင်းကို လူအများသည် ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်သလို အမေရိကန်၏ ဆရာကြီး ဝင်လုပ်ခြင်း အပေါ် တစ်ယူသန်ဖြစ်သည့် ဗိုလ်ကျလွှမ်းမိုးရေး အတွင်းသရုပ်နှင့် ဟောင်ကောင်အား ဒုက္ခရောက်စေခြင်းဖြင့် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ထိန်းချုပ်ဟန့်တားရန် ယုတ်မာသည့် ကြံစည်မှုကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ကြောင်း China Media Groupက ဖော်ပြသည်။

တရုတ်ပြည်သူများသည် ဒုက္ခရှာသူ မဟုတ်ကြောင်း၊ သို့သော် ဒုက္ခများမှာကို စိုးရိမ်သူလည်း မဟုတ်ကြောင်း၊ ဟောင်ကောင်အား ဒုက္ခရောက်စေခြင်းဖြင့် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ထိန်းချုပ်ဟန့်တားရန် အမေရိကန်၏ စိတ်ကိုင်းကျတွက်ကိန်းသည် ရှုံးနိမ့်သွားမည်မှာ မုချမလွဲ ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အသွားရှိလျှင် အပြန်ရှိရသော သဘောဖြင့် အမေရိကန်မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အပေါ် အရေးယူခြင်း၊ “နိုင်ငံခြား အရေးယူမှုကို ဆန့်ကျင်ရေး ဥပဒေ” ထုတ်ပြန်ကျင့်သုံးခြင်း၊ ယခုအကြိမ် “အဖြစ်မှန် စာရင်း” ထုတ်ပြန်ခြင်း အပါအဝင် တရားမျှတ မှန်ကန်သည့် ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းဖြင့် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မှန်သမျှကိုရော၊ တရုတ် နိုင်ငံတော် အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာ အပေါ် ထိခိုက်စေသည့် အပြောအဆိုနှင့် အပြုအမူ မှန်သမျှကိုပါ လိုအပ်သည့် အားကောင်းသော တုံ့ပြန်မှု ပြုလုပ်မည့် သဘောထား ရပ်တည်ချက်ကို ပြသနေကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရန် တရုတ်ပြည်၏ ခိုင်မာပြတ်သားသော စိတ်ပိုင်းဖြတ်မှု၊ ကြံ့ခိုင်သော ဇွဲသတ္တိနှင့် အားကောင်းသော စွမ်းဆောင်ရည်ကို မည်သည့် အင်အားစုမှ လျှော့တွက်၍ မရကြောင်း China Media Groupက ဖော်ပြသည်။