张晓宁

အနောက်တိုင်းနိုင်ငံများ၏တရားမဝင် ထိန်းသိမ်းထားခြင်းလုပ်ရပ်အပေါ် တရုတ်ပြည်က အာရုံစူးစိုက်

(GMT+08:00)2021-09-25 13:50:11  

စက်တင်ဘာလ ၂၀ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေးတွင် တရားမဝင် ထိန်းသိမ်းထားခြင်း ပြဿနာ လုပ်ငန်းအဖွဲ့နှင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကုလသမဂ္ဂ ဂျီနီဗာ ဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံမှူးကြီး ကျောင်တွမ်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်၊ သြစတြေးလျနှင့် ကနေဒါစသည့် အနောက်တိုင်း နိုင်ငံများ၏ တရားမဝင် ထိန်းသိမ်းထားခြင်း လုပ်ရပ်များအပေါ်  အာရုံစူးစိုက်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

၎င်းနိုင်ငံများအနေနှင့် တရားမဝင် ထိန်းသိမ်းထားခြင်းအပါအဝင် လူ့အခွင့်အရေးကို ပြင်းထန်စွာ ကျူးကျော်ထိပါးနေသည့် လုပ်ရပ်များကို ချက်ချင်း ရပ်စဲရန် တရုတ်ပြည်က တိုက်တွန်းကြောင်း၊ ကနေဒါနိုင်ငံအနေနှင့် မှားယွင်းသော လုပ်ရပ်များကို ချက်ချင်းပြုပြင်ပြီး မွန့်ဝမ်ကျိုးအား တရားမဝင် ထိန်းသိမ်းထားခြင်းကို ရုပ်သိမ်းသင့်ကြောင်း ကျောင်တွယ်က ဖော်ပြပါသည်။