张晓宁

လူ့အခွင့်အရေးကို အကြောင်းပြုပြီး တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် ကန့်ကွက်ကြောင်း ဗီနီဇွဲလားနှင့် ဘေလာရုစ်သံအမကြီးတို့ ဖော်ပြ

(GMT+08:00)2021-09-25 13:50:47  

ယမန်နေ့ ၂၄ ရက်နေ့က ဂျီနီဗါ၌ ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေးတွင် ပါကစ္စတန်ကိုယ်စားလှယ်က ၆၅နိုင်ငံကို ကိုယ်စားပြုပြီး မိန့်ခွန်းပြောကြားခဲ့ရာ ဟောင်ကောင်၊ ရှင်းကျန်းနှင့်ရှီးဇန့်ရာရာများသည် တရုတ်ပြည်တွင်း ရေးရာပင်ဖြစ်သောကြောင့် ပြည်ပအင်အားစုများက ဝင်ရောက်စွက်ဖက်မှု မပြုသင့်ကြောင်း ဖော်ပြခဲ့ပါသည်။ ဗီနီဇွဲလာ၊ ဘေလာရုစ်နှစ်နိုင်ငံမှ သံအမကြီးတို့က China Media Groupမှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံရာတွင် နိုင်ငံအသီးသီးတို့၏ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်ရေးနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို လေးစားပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ခြင်းသည် နိုင်ငံတကာ ဆက်ဆံမှု၏ အခြေခံမူဖြစ်ကြောင်း ဖော်ပြကြပါသည်။