张晓宁

၂၀၂၁ခုနှစ် ကျုံးကွမ်းဆွန်း ဖိုရမ်သို့ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း ဖော်ပြ

(GMT+08:00)2021-09-25 13:48:54  

ယခုလ ၂၄ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၂၁ခုနှစ် ကျုံးကွမ်းဆွန်း ဖိုရမ်သို့ ဗီဒီယို ပုံစံဖြင့် ဂုဏ်ပြုကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က လက်ရှိအချိန် ကမ္ဘာတွင် နှစ်ပေါင်း၁၀၀ အတွင်း မကြုံစဖူး ကြီးမားသော ပြောင်းလဲမှု အခြေအနေသည် အရှိန်မြှင့် တစ်စတစ်စ ပြောင်းလဲတိုးတက်လာနေကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှုသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီး နက်နဲရှည်ကြာကြောင်း၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်းသည် တင်းမာခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့် ပြုလုပ်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် အရေးကြီးသည့် ကမ္ဘာတစ်ဝန်း ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းများကို အတူ စူးစမ်းလေ့လာ ရှာဖွေကာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်၍ လူသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မြတ်သော လုပ်ငန်းကို အတူ တိုးမြှင့်ရန် ပိုပြီး လိုအပ်ကြောင်း ဖော်ပြသည်။

ဆက်လက်၍ ရှီကျင့်ဖိန်က ကျုံးကွမ်းဆွန်းသည် တရုတ်ပြည်၏ ပထမဆုံး နိုင်ငံတော် ကိုယ်ပိုင် တီထွင်ဆန်းသစ်ရေး စံနမူနာ ပြသမှုဇုန် ဖြစ်ကြောင်း၊ ကျုံးကွမ်းဆွန်း ဖိုရမ်သည် ကမ္ဘာတစ်ဝန်း သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှေးရှုသော နိုင်ငံတော် အဆင့် ပလက်ဖောင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ကျုံးကွမ်းဆွန်းအား အကြိမ်းသစ် ရှေ့တန်း စမ်းသပ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ကမ္ဘာတွင် ရှေ့ပြေးသည့် သိပ္ပံနည်းပညာဇုန်ကို အရှိန်မြှင့် တည်ဆောက်ကာ ကမ္ဘာတစ်ဝန်း သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်ကို ပြုလုပ်ရန် အားပေးထောက်ခံကြောင်း ဖော်ပြသည်။

    ၂၀၂၁ခုနှစ် ကျုံးကွမ်းဆွန်း ဖိုရမ်ကို ထိုနေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ “ဥာဏ်ရည်၊ ကျန်းမာရေး၊ ကာဗွန်ဓါတ်ပြယ်မှု ဖြစ်စေရေး” ဖြစ်သည်။