张晓宁

ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယဉ်ဖှူထရွန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2021-09-25 13:52:27  

စက်တင်ဘာလ ၂၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယဉ်ဖှူထရွန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ဖက်သည် ဗီယက်နမ်ဖက်၏ ကိုဗစ်-၁၉ရောဂါကို အနိုင်တိုက်ဖျက်ခြင်း၊ စီးပွားလူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွန်းအားပေးခြင်းကို ပြတ်သားစွာ ထောက်ခံကြောင်း၊ နှစ်ဖက်တို့သည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာ ကိုရိုနာဗိုင်းရပ်စ်ပိုးအရင်းအမြစ်ရှာဖွေခြင်းအား နိုင်ငံရေးကိစ္စ အဖြစ် လုပ်ခြင်းကို ဆန့်ကျင်၍ ဘက်ပေါင်းစုံဝါဒကို အမှန်တကယ် လက်တွေ့ဆောင်ရွက်ပြီး လူသားကံကြမ္မာ အသိုက်အဝန်းထူထောင်ရန် တွန်းအားပေးသင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပါတီချင်းကူးလူးဖလှယ်မှု အားဖြည့်ပြုလုပ်ရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကိုတိုးမြှင့်ရန်၊ ပါတီနှင့်နိုင်ငံအား စီမံ အုပ်ချုပ်ရေးအတွေ့အကြုံများ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေရန်၊ စီးပွားကုန်သွယ်ရေး၊ ရောဂါတိုက်ဖျက်ရေး၊ လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရစသောနယ်ပယ်များတွင် နှစ်ဖက်တို့၏ အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ဖို့တွန်းအားပေးရန်၊ နှစ်ဖက် စလုံး ဆိုရှယ်လစ်လုပ်ငန်းနှင့်နှစ်နိုင်ငံဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးရန်၊ ဒေသတွင်းနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အတူတိုးမြှင့်ရန် ဆန္ဒရှိကြောင်း ငုယဉ်ဖှူထရွန်က ပြောကြားပါသည်။