张晓宁

ဟောင်ကောင်အရေးကိစ္စတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ တရုတ်ဖက်သည် ဆက်လက် ပြတ်သားအားကောင်းစွာ တုံ့ပြန်မည်ဟု တရုတ်ဆို

(GMT+08:00)2021-09-25 13:53:03  

ဟောင်ကောင်ရေးရာများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ တရုတ်ဖက်သည် ဆက်လက် ပြတ်သားအားကောင်းစွာ တုံ့ပြန်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၂၄ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

၂၄ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ဝက်ဆိုက်တွင် “အမေရိကန်နိုင်ငံမှ ဟောင်ကောင်အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ကာ ဟောင်ကောင်ဒေသကို အနှောင့်အယှက်ပေးသော အင်အားများအား အားပေးထောက်ခံမှု ဆိုင်ရာ အဖြစ်မှန်စာရင်း”ကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းအဖြစ်မှန်စာရင်းတွင် ၂၀၁၉ခုနှစ်က “ဝရမ်းပြေး စည်းမျဉ်း ဥပဒေ” ပြင်ဆင်ရေးဆိုင်ရာ အရေးအခင်းဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ဟောင်ကောင်ဆိုင်ရာဥပဒေ အတည်ပြု ပြဋ္ဌာန်းခြင်း၊ အရေးယူမှုဆောင်ရွက်ခြင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအရေးကိစ္စကို သားပုပ်လေလွင့်ပြောဆိုခြင်း၊ တရုတ် နိုင်ငံကိုဆန့်ကျင်ပြီး ဟောင်ကောင်ဒေသကို အနှောင့်အယှက်ပေးသူများအား အကာ အကွယ်ပေးခြင်းနှင့် ထောက်ခံခြင်း၊ အခြားနိုင်ငံများနှင့်အတူ ဖိအားပေးခြင်း အပါအဝင် ဟောင်ကောင်အရေးကိစ္စ အပါအဝင်  တရုတ်ပြည်တွင်းရေးတွင် အမေရိကန်ဖက်၏ ဝင်ရောက်စွက်ဖက်ခြင်း ဆိုင်ရာ ယုတ်ညံ့ဆိုးဝါးသည့်ပြုမူဆောင်ရွက်ချက်များကို စနစ်တကျ ဖော်ပြထားကြောင်း ကျောက်လိကျန်းက ပြောကြားပါသည်။