洪荃诠

တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၁.၂ ဘီလီယံကို ထောက်ပံ့ ဖြန့်ဖြူး ပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌါနဆို

(GMT+08:00)2021-09-24 13:43:59  

တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၁.၂ ဘီလီယံကို ထောက်ပံ့ ဖြန့်ဖြူး ပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌါနဆို_fororder_W020210923684595222049

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံသည် ယခုချိန်ထိ  နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးရေ ၁.၂ ဘီလီယံကို ထောက်ပံ့ ဖြန့်ဖြူး ခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၄ ခုသို့ ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများအတွက် အကူအညီများ ပေးခဲ့သည်ဟု ၂၃ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကာကွယ်ဆေးများအား ကမ္ဘာလုံးဆိုင်ရာ အများသုံး ထုတ်ကုန်အဖြစ်ထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သုံးနိုင်စေရန်နှင့် ဝယ်ယူနိုင်စေရန် အာမခံပေးကာ လက်ရှိအချိန်တွင် အရေးအကြီးဆုံးက ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံး၌ သင့်တင့်မျှတစွာ ဖြန့်ဝေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။