洪荃诠

ကန်မှ ဟောင်ကောင်အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ကာ ဟောင်ကောင်ဒေသကို အနှောင့်အယှက်ပေးသော အင်အားများကို အားပေးထောက်ခံမှု ဆိုင်ရာ အဖြစ်မှန် အမည်စာရင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

(GMT+08:00)2021-09-24 15:32:31  

  စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန် နိုင်ငံမှ ဟောင်ကောင်အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ကာ ဟောင်ကောင်ဒေသကို အနှောင့်အယှက်ပေးသော အင်အားများကို အားပေးထောက်ခံမှု ဆိုင်ရာ အဖြစ်မှန်အမည်စာရင်းကို ထုတ်ပြန်ပါသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသဆိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးခန့်အရာရှိရုံးမှ ပြောရေးဆိုခွင့်ရှိသူက သက်ဆိုင်ရာအမည်စာရင်းကို ထုတ်ပြန်ခြင်းမှာ တရုတ်နိုင်ငံသည် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်၊ ဟောင်ကောင်ဒေသ၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသမ်းရန် သန္နိဋ္ဌာန်၊ ဇွဲသတ္တိနှင့် စွမ်းရည်ကို ပြသထားကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးမှ ပြောရေးဆိုခွင့် ရှိသူက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအမည်စာရင်းကို ထုတ်ပြန်ခြင်း မှာ အမေရိကန်နိုင်ငံအား တရုတ်အစိုးရမှ ဟောင်ကောင်ဒေသကို စီမံအုပ်ချုပ်ခြင်းဆိုင်ရာ မဟုတ်မမှန်ပုတ်ခတ်ပြောဆိုခြင်းနှင့် တရုတ်အစိုးရမှ အရာရှိများကို အရေးယူခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၄င်းကို ပြတ်ပြတ်သာသား ထောက်ခံကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။