洪荃诠

အာဖဂန်ပြဿနာဆိုင်ရာ ဂျီ-၂၀ အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2021-09-24 13:44:40  

စက်တင်ဘာလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အာဖဂန်ပြဿနာဆိုင်ရာ ဂျီ-၂၀အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။
ဝမ်ယိက ဂျီ-၂၀ အနေဖြင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အဓိက ပလက်ဖောင်းအဖြစ် အာဖဂန်နိုင်ငံတွင် ငြိမ်းချမ်းရေးရှာကြံရန်၊ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအား ပေးရန်၊ သဘောတူညီမှုများ စုဆောင်းရန်ဖြစ်စဉ်တွင် အပြုသဘောဆောင်သော အခန်း ကဏ္ဍမှ ပါဝင်လိုကြောင်း၊ ပထမအချက်မှာ လူသားချင်းစာနာထောက်ထာမှု ချက်ချင်း ဆောင်ရွက်လိုခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်မှာ စီးပွာရေးအရေးယူမှုကို ရပ်စဲရမည် ဖြစ်ကြောင်း၊ တတိယအချက်မှာ ထိတွေ့ဆက်ဆံပြီး အားလုံးပါဝင်မှုကို ရှာကြံခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေခြင်း ဖြစ်ကြောင်း၊ ပဉ္စမအချက်မှာ ဒုက္ခသည်ပြဿနာကို ကိုင်တွယ် ဖြေရှင်းခြင်း ဖြစ်ကြောင်း၊ အဋ္ဌမအချက်မှာ စနစ်မျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ထိရောက်မှု ပိုမိုရရှိခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။