邹立莹

တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအသင်းသည် စားနပ်ရိက္ခာမျိုးကောင်းမျိုးသန့်အသစ် ပျိုးထောင်ခြင်းတွင် တိုးတက်မှု များစွာ ရရှိ

(GMT+08:00)2021-01-14 14:17:50  

တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအသင်းသည် ယခုလ ၁၂ ရက်နေ့က “သိပ္ပွံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် စားနပ်ရိက္ခာလုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး” သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်းများက “၁၃ ခုမြောက် ငါးနှစ်စီမံကိန်း”ကာလတွင် မျိုးကောင်းမျိုးသန့် ပျိုးထောင်ခြင်း၌ တိုးတက်မှုအသစ် များစွာ ရရှိသည်ဟု ပြောကြားပါသည်။

တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအသင်း ဒုဥက္ကဋ္ဌ၊ တရုတ် အင်ဂျင်နီယာ တံခွန်အသင်းဝင် ဝမ့်ကျန့်မင်က “၁၃ ခုမြောက် ငါးနှစ်စီမံကိန်း”ကာလအတွင်း တရုတ်နိုင်ငံတွင် မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနှုန်းသည် ၉၆ ရာခိုင်နှုန်း ကျော်ရှိပြီး၊ မျိုးကောင်းမျိုးသန့်သည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် အကျိုးပြုမှုနှုန်း ၄၅ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ “၁၄ ခုမြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအသင်းသည် မျိုးကောင်းမျိုးသန့်အသစ် ပျိုးထောင်ခြင်းကို အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။