ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedros က တရုတ်နိုင်ငံနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေး အပါအဝင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သည့်အတွက် အလွန် ဝမ်းသာပါကြောင်း၊ လုံခြုံပြီး ထိရောက်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို လျင်မြန်စွာ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးတွင် တရားမျှတစွာ မျှဝေထိုးနှံရေးကို ပိုမို လျင်မြန်စွာ ဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ဇန်နဝါရီလ ၁၁ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။