辛甜

အမေရိကန်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဖြစ်ပေါ်နိုင်ခြေ ရှိကြောင်း အိမ်ဖြူတော်က သတိပေး

(GMT+08:00)2021-01-13 10:36:03  

အိမ်ဖြူတော် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့က ပြည်နယ်အသီးသီးသို့ တင်ပြသော နောက်ဆုံးအစီရင်ခံစာတွင် အမေရိကန်နိုင်ငံ၌ ဒေသခံထူးခြားချက် ပါရှိသော၊ ပိုမိုကူးစက်ပျံ့နှံ့နိုင်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဖြစ်ပေါ်နိုင်ခြေရှိသောကြောင့် ဗိုင်းရပ်စ်ကူးစက်မှု ပိုမို ပြင်းထန်လာနိုင်သည်ဟု ဖော်ပြပါသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက အိမ်ဖြူတော် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအပေါ် မယုံသင်္ကာ ဖြစ်နေသည်ဟု ဖေါ်ပြပါသည်။