辛甜

ပထမအသုတ် တရုတ် Sinopharmကာကွယ်ဆေး ဂျော်ဒန်သို့ ရောက်ရှိ

(GMT+08:00)2021-01-13 13:02:34  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၉ရက်နေ့ညက ပထမအသုတ် တရုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဂျော်ဒန်သို့ ရောက်ရှိခဲ့ပါသည်။ ထိုနေ့ အစောပိုင်းက ဂျော်ဒန် အစားအစာနှင့် ဆေးဝါး ကြီးကြပ်စီမံခန့်ခွဲရေးဌာနက တရုတ် Sinopharm ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးရန် ကြေညာခဲ့ပါသည်။ ထို့နောက် ဂျော်ဒန် ကျန်းမာရေး ဝန်ကြီးဌာနက ယခုလ ၁၃ရက်နေ့မှစ၍ ကာကွယ်ဆေးထိုးပေးရေး စီမံကိန်းကို စတင်ဆောင်ရွက်မည်ဟု ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။