တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင် ဒုဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ကူးစက်ရောဂါ ပူးတွဲ ကာကွယ်ထိန်းချုပ်ရေးစနစ် သိပ္ပံပညာလေ့လာရေးအဖွဲ့၊ ကာကွယ်ဆေး ဖေါ်ထုတ်ရေးလုပ်ငန်းအဖွဲ့ တာဝန်ခံ ဇိန်ယိရှင်းက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှစ၍ တရုတ်နိုင်ငံ၌ အဓိက လူထုများအား ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်း တရားဝင် စတင်ခဲ့ကြောင်း၊ ယခုအထိ တစ်ပြည်လုံးရှိ အဓိကလူထုများအား ကာကွယ်ဆေး လုံးရေ ၇သန်း ၅သိန်း နီးပါး ထိုးနှံပြီ ဖြစ်ကြောင်း၊ ယခင်က ကူးစက်နိုင်ခြေ အန္တရာယ်များသည့် လူထုများအား ထိုးပေးခဲ့သည့် လုံးရေ ၁သန်း ၆သိန်းကျော် ပေါင်းထားလျှင် တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၉သန်းကျော်ကို ထိုးနှံပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းကို လုံခြုံချောမောစွာ ဆောင်ရွက်ရန်အတွက် မိမိတို့သည် စည်းကမ်းချမှတ်ရေး၊ ဝန်ထမ်းများ လေ့ကျင့်ရေး၊ ဘေးထွက်ဆိုးကျိုးတုံ့ပြန်မှု ကြီးကြပ်စစ်ဆေးရေး၊ အရေးပေါ်ကုသရေး၊ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတုံ့ပြန်မှုအပေါ် ဆေးပညာရှင်များ စုပေါင်းကုသရေး စသော စနစ်များကို ထူထောင်ပြီဖြစ်ကြောင်း ၉ရက်နေ့က နိုင်ငံတော် ပူးတွဲ ကာကွယ် ထိန်းချုပ်ရေးစနစ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။