李悦

တရုတ်ပြည်သည် အာရှနှင့် ပစိဖိတ်တွင် တလျှောက်လုံး အမြစ်တွယ်ပြီး အာရှနှင့် ပစိဖိတ်ကို တည်ဆောက်ကာ အာရှနှင့် ပစိဖိတ် ချမ်းမြေ့သာယာအောင် အကျိုးဆောင်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-11-21 12:29:30  

တရုတ်ပြည်သည် အာရှနှင့် ပစိဖိတ်တွင် တလျှောက်လုံး အမြစ်တွယ်ပြီး အာရှနှင့် ပစိဖိတ်ကို တည်ဆောက်ကာ အာရှနှင့် ပစိဖိတ် ချမ်းမြေ့သာယာအောင် အကျိုးဆောင်မည်ဟု ရှီကျင့်ဖိန်ဆို

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ရက်နေ့ညက ပီကင်းတွင် ဗီဒီယို နည်းလမ်းဖြင့် APEC ၂၇ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သည် APEC၏ အခန်းကဏ္ဍကို လွန်စွာ အလေးထားပြီး APEC၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် အားပေးထောက်ခံမည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အာရှနှင့် ပစိဖိတ်တွင် တလျှောက်လုံး အမြစ်တွယ်ပြီး အာရှနှင့် ပစိဖိတ်ကို တည်ဆောက်ကာ အာရှနှင့် ပစိဖိတ် ချမ်းမြေ့သာယာအောင် အကျိုးဆောင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် အာရှနှင့် ပစိဖိတ် ဘက်အသီးသီးတို့နှင့် အတူ အာရှနှင့် ပစိဖိတ်တွင် ငြိမ်းချမ်းမှုနှင့် စည်ပင်သာယာမှုရှိသော ကောင်းမွန်သည့် အနာဂတ်ရေးကို လက်တွဲ ဖန်တီးမျှဝေပြီး လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး ရည်မှန်းချက်သို့ ဆက်တိုက် ချီတက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။