李悦

ဒီဂျစ်တယ်စီးပွားရေးသည် အနာဂတ်တွင် တကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက် ဖြစ်သည်ဟု ရှီကျင့်ဖိန်က ဆို

(GMT+08:00)2020-11-21 12:27:41  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၂၀ရက်နေ့ညက ပီကင်းမြို့၌ ဗီဒီယိုနည်းလမ်း ဖြင့် APECအဖွဲ့ ၂၇ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ဒီဂျစ်တယ်စီးပွားရေးသည် အနာဂတ်တွင် တကမ္ဘာလုံး ဖွံ့ဖြိုးရေး ဦးတည်ချက်ဖြစ်ပြီး ဆန်းသစ်တီထွင်ရေးသည် အာရှ-ပစိဖိတ်စီးပွားရေး မိုးပျံသောတောင်ပံ ဖြစ်ကြောင်း၊ APECအဖွဲ့ အင်တာနက်နှင့်ဒီဂျစ်တယ်စီးပွားရေးလမ်းစဉ်ကို ဘက်စုံ အကောင် အထည်ဖော်ဆောင်ပြီး နည်းပညာသစ်ပြန့်ပွားစေရေးနှင့် အသုံးပြုရေးကိုတွန်းအားပေးကာ ဒီဂျစ်တယ်အခြေခံအဆောက်အအုံထူထောင်ရေးကိုအားဖြည့်၍ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံများအကြား ကြီးမားသည့် ကွာဟမှု ပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြာင်း၊ ဘက်အသီးသီးတို့အနေနှင့် ဒီဂျစ်တယ်နည်းပညာဖြင့် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေးနာလန်ပြန်ထူစေရေး အတွေ့အကြုံများကို မျှဝေပြီး ဒီဂျစ်တယ်စီးပွားရေးပတ်ဝန်းကျင်ကို ကောင်းမွန်စေကာ ဒီဂျစ်တယ်စီးပွားရေး၏ ရှေ့အလားအလာကို ဖော်ထုတ်၍ အာရှ-ပစိဖိတ်စီးပွားရေးနာလန်ပြန်ထူရေးအတွက် တွန်းအားသစ်ကို ဖော်ဆောင်ပေးရန် တရုတ်နိုင်ငံ ကမ်းလှမ်းကြောင်း၊ ပြောကြားခဲ့ပါသည်။

ဒီဂျစ်တယ်စီးပွားရေးသည် အနာဂတ်တွင် တကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက် ဖြစ်သည်ဟု ရှီကျင့်ဖိန်က ဆို