李悦

ဆင်းရဲသော၊ ဝေးလံသောဒေသက ပြည်သူများ အချိန်မီပြီး ထိရောက်သောဆေးဝါးကုသမှု ခံစားစေမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-11-21 12:29:09  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၂၀ရက်နေ့ညက ပီကင်းမြို့၌ ဗီဒီယိုနည်းလမ်း ဖြင့် APECအဖွဲ့ ၂၇ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က မိမိတို့သည် ရောဂါကာကွယ်ဆေး သုတေသနပြုရေးနှင့် ကူးလူးဖလှယ်ရေးကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရရှိစေရန်နှင့် အကုန်အကျ ခံနိုင် စေရန် တွန်းအားပေးရမည် ဖြစ်ကြာင်း၊

APECအဖွဲ့၏ အများပြည်သူ့ ကျန်းမာရေးနှင့် အလတ်စား၊အသေးစား၊ မိုက်ခရိုလုပ်ငန်းကုမ္ပဏီများ စသောနယ်ပယ်များ၌ ပေါ်လစီဆိုင်ရာကူးလူးဖလှယ်ရေးနှင့် စွမ်းဆောင်ရည်ထူထောင်ရေးကို အားဖြည့် ဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် အဝေးထိန်းနည်းလမ်းဖြင့် ဆေးဝါး ကုသရေးကမ်းလှမ်းချက်ကိုတင်သွင်းပြီး ဆင်းရဲသော၊ ဝေးလံသောဒေသများတွင် ပြည်သူများအား အချိန်မီ၊ထိရောက်သောဆေးဝါးကုသမှု ခံစားနိုင်စေကာ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့်စီးပွားရေးနာလန်ပြန်ထူစေရေးကို အထောက်အကူပြုစေမည် ကြောင်း၊ ပြောကြားပါသည်။

ဆင်းရဲသော၊ ဝေးလံသောဒေသက ပြည်သူများ အချိန်မီပြီး ထိရောက်သောဆေးဝါးကုသမှု ခံစားစေမည်ဟု ရှီကျင့်ဖိန်ဆို