李悦

ဘက်စုံနှင့်တိုးတက်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ် (CPTPP)တွင် ပါဝင်ရန် တရုတ်တက်တက်ကြွကြွ စဉ်းစားမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-11-21 12:27:09  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က နိုဝင်ဘာလ ၂၀ ရက်နေ့ညက ပီကင်းမြို့၌ ဗီဒီယိုနည်းလမ်းဖြင့် အာရေ-ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့( APEC) ၂၇ ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့် ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ကြိုဆိုကြောင်း၊ ဘက်စုံနှင့်တိုးတက်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ် (CPTPP)တွင် ပါဝင်ရန် တရုတ်ပြည်က တက်တက်ကြွကြွ စဉ်းစားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။