李悦

လူ့ပယောဂကြောင့် အမေရိကန်တွင် ကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေ တစ်နေ့တခြား ဆိုးရွားသွားနေ

(GMT+08:00)2020-11-21 12:30:07  

လက်ရှိအချိန် အမေရိကန်တွင် ကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေကို မထိန်းချုပ်နိုင်တော့ကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ် အတွင်း နေ့စဉ် ပျမ်းမျှအားဖြင့် အမေရိကန်တွင် အသစ်တိုးလာသည့် ကိုဗစ် ကပ်ရောဂါ ကူးစက်ခံရသူ ဦးရေမှာ ၁သိန်း၆သောင်းကျော် ရှိပြီး လွန်ခဲ့သည့် ၂ပတ်ကထက် ၇၇ရာခိုင်နှုန်း တိုးလာကြောင်း၊ အမေရိကန် ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့ထိ အမေရိကန်တွင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ဦးရေမှာ ၂သိန်း၅သောင်းကျော် ရှိပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် အပတ်အထိ အမေရိကန်တွင် ကလေးသူငယ် ၁သန်း၎သောင်းခန့်သည် ကိုဗစ် ၁၉ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွင် အပေါင်းလက္ခာ(positive) တွေ့ရှိကြောင်း China Media Groupမှ သတင်းအရ သိရသည်။

သို့သော် အမေရိကန် ခေါင်းဆောင်က လူမှုကွန်ရက်တွင် ကိုဗစ်၁၉ ဗိုင်းရပ်စ်ကို “တရုတ်ပလိပ်ရောဂါ”ဟု ထပ်မံ ခေါ်ဝေါ်ပြီး အပြစ်လွှဲချရန် ကြံစည်နေသေးကြောင်း သိရသည်။

တရုတ်ပြည်သည် ကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေကို အစောဆုံး အကြောင်းကြားသည့် နိုင်ငံဖြစ်သော်လည်း ကိုဗစ်၁၉၏ အရင်းအမြစ် တရုတ်ပြည်တွင်ရှိသည့် သဘောမဆောင်ကြောင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံနှင့် ဒေသများစွာတွင် ကိုဗစ်၁၉ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီ ဖြစ်ပြီး ယင်းတွေ့ရှိခြင်းတွင် အချို့သည် တရုတ်ပြည်တွင် တွေ့ရှိသည့် အချိန်ထက် ပိုစောကြောင်း၊ ဗိုင်းရပ်စ်၏ အရင်းအမြစ်သည် သိပ္ပံပညာ ပြဿနာ တစ်ခု ဖြစ်၍ သိပ္ပံပညာရှင်နှင့် ဆေးပညာရှင်များ အနေနှင့် သိပ္ပံပညာ သုတေသနပြုခြင်းဖြင့် ကောက်ချက်ချနိုင်မည် ဖြစ်ကြောင်း၊ မည်သူကမျှ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း လုပ်ငန်းကို နိုင်ငံရေး ကိစ္စ အဖြစ် ရှုမြင် သဘောထားပိုင်ခွင့် မရှိသလို ဗိုင်းရပ်စ် အပေါ် အမှတ်အသား မကပ်ထားသင့်ကြောင်း လည်း China Media Groupက ဖော်ပြသည်။

အမေရိကန် အစိုးရသည် ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေ အပေါ် လက်လွှတ်စပါယ်ပြုပြီး အများပြည်သူ့ ကျန်းမာရေး ဆိုင်ရာ အန္တရာယ်ကို မထီမဲ့မြင်ပြုကာ အမေရိကန် ပြည်သူများ၏ အသက်လုံခြုံရေး အပေါ် လုံးဝ ဂရုမစိုက်၍ ကိုဗစ် ၁၉ အခြေအနေသည် တစ်နေ့တခြား ဆိုးရွားသွားနေကြောင်း China Media Groupက ဖော်ပြသည်။