辛甜

ကမ္ဘာတစ်ဝန်း တစ်နေ့အတွင်း အသစ်တိုးလာသည့် ကိုဗစ်-၁၉ ရောဂါသည်ဦးရေသည် ဆက်တိုက် စံချိန်သစ်တင်

(GMT+08:00)2020-10-18 23:44:26  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော နောက်ဆုံး ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေ စာရင်းအရ ဥရောပအလယ်ပိုင်း ဒေသစံတော်ချိန် ၁၇ရက်နေ့ ည၇နာရီ၄၃မိနစ်အထိ ကမ္ဘာတစ်ဝန်း အသစ်တိုးလာသော ကိုဗစ်-၁၉ ရောဂါသည်ဦးရေသည် ၁၆ရက်နေ့ကထက် ၃၉၂၄၇၁ ဦး တိုးများလာပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် တစ်နေ့တာအတွင်း တိုးနှုန်းအများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် တစ်နေ့တည်းဖြင့် အသစ်တိုးလာသော ကိုဗစ်-၁၉ ရောဂါသည်ဦးရေသည် ၂ရက် ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့သည်ဟု ဆင်ဟွာသတင်းဌါနမှ သတင်းအရသိရပါသည်။