辛甜

တရုတ်သည် “အစားအစာဖြုန်းတီးမှုလျှော့ချရေး ”လမ်းမှန်ပေါ်သို့ ရောက်ရှိ နေကြောင်း အီတလီ“ လုံးဝ မဖြုန်းတီးခြင်း”လှုပ်ရှားမှု ကမကထပြုသူ ဆို

(GMT+08:00)2020-10-18 23:48:34  

နှစ် ၄၀ပြည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျရောက်သည့်အခါသမယတွင် “စားနပ်ရိက္ခာ ချွေတာခြင်းနှင့် အစားအစာဖြုန်းတီးမှု ကန့်ကွက်ခြင်း”ဟူသော အယူအဆသည် တရုတ် လူမှုရေး နယ်ပယ်အသီးသီးသို့ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်လာပါသည်။ မကြာခင်က အီတလီနိုင်ငံ Bologna တက္ကသိုလ်မှ နိုင်ငံတကာ လယ်ယာ စိုက်ပျိုးရေးမူဝါဒ ပါမောက္ခ၊ “လုံဝမဖြုန်းတီးခြင်း”လှုပ်ရှားမှု ကမကထပြုသူ Andrea က တရုတ်နိုင်ငံသည် “ချွေတာမှုကို ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်းနှင့် ဖြုန်းတီးမှုကို ကန့်ကွက်ခြင်း”ကို ရည်ရွယ်ထားသည့် လှုပ်ရှားမှုသည် အရေးကြီး အဓိပ္ပာယ်ရှိပြီး တရုတ်နိုင်ငံသည် “အစားအစာဖြုန်းတီးမှု လျှော့ချရေး ”လမ်းမှန်ပေါ်သို့ ရောက်ရှိနေကြောင်း China Media Groupမှ သတင်းထောက်နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။