洪荃诠

နိုင်ငံခြား သံတမန်များက တရုတ်ပြည်ရဲ့ ဆင်းရဲမှု ပပျောက်ရေးကို ချီးကျူး

(GMT+08:00)2020-10-18 14:12:42  

 “ဆင်းရဲမှု ပပျောက်ရေးနဲ့ နိုင်ငံရေးပါတီရဲ့ တာဝန်ဝတ္တရား” နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို တက်ရောက်နေကြတဲ့ နိုင်ငံခြား သံတမန်များနဲ့ ဧည့်သည်တော်များက ဒီလ ၁၃ ရက်နေ့မှာ တရုတ်ပြည် ဖူကျန့်ပြည်နယ် ချီရှီရွာသို့ ရောက်ရှိပြီး ဆင်းရဲမှု ပပျောက်ရေး အကြောင်းကို လေ့လာ ကြည့်ရှုခဲ့ကြတယ်လို့ China Media Groupမှ သတင်း ဖေါ်ပြပါတယ်။

နိုင်ငံခြား သံတမန်များက တရုတ်ပြည်ရဲ့ ဆင်းရဲမှု ပပျောက်ရေးကို ချီးကျူး_fororder_微信图片_20201018133825

တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး မော်အင် ဟာဂ်က ကျွန်တော်တို့ သွားတဲ့ နေရာဟာ အရင်တုန်းက တရုတ်ပြည် အဆင်းရဲဆုံးသော ဒေသတစ်ခု ဖြစ်ခဲ့တယ်၊ အခု ဆိုရင်တော့ ကျည်ဆန်ရထားစီးပြီး တောက်လျှောက်သွားလို့ရပြီ၊ လမ်းတစ်လျှောက်မှာ အထပ်မြင့် တိုက်ကြီးနဲ့ ပျော်ရွှင် ချမ်းမြေ့တဲ့ လူထုများကို တွေ့မြင်ပါတယ်။ ဒီနေရာမှာ ဆင်းရဲမှု ပပျောက်ရေး အသွင်ပုံစံကို ပါကစ္စတန်သို့ ဆောင်ကြဉ်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားပါတယ်။

နိုင်ငံခြား သံတမန်များက တရုတ်ပြည်ရဲ့ ဆင်းရဲမှု ပပျောက်ရေးကို ချီးကျူး_fororder_微信图片_20201018133835


  ဘူလ်ဂေးရီးယား သံအမတ်ကြီး ပိုရိုဇာနို့ဖှ်က ကျွန်တော်က ရွာထဲမှာ သဘာဝ ရှုခင်းသာများကို ကြိုက်နှစ်သက်တယ်၊ ရွာထဲမှာ လူနဲ့ဘသာဝ သင့်မြတ်ဖေါ်ရွေစွာ နေကြတာကို ကျွန်တော် အားကျနေတယ်၊ ရွာသူရွာသားများ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကို တွေ့မြင့်ပါတယ်လို့ ပြောကြားပါတယ်။

နိုင်ငံခြား သံတမန်များက တရုတ်ပြည်ရဲ့ ဆင်းရဲမှု ပပျောက်ရေးကို ချီးကျူး_fororder_微信图片_20201018133839