辛甜

ချင်းတောင်မြို့ အအေးစိမ် အစားအစာထုပ်ပိုးပစ္စည်းများအပေါ်မှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ခွဲထုတ်နိုင်ခဲ့

(GMT+08:00)2020-10-18 23:42:18  

တရုတ်ပြည် ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ ဝက်ဘ်ဆိုက်မှ ၁၇ ရက်နေ့ သတင်းအရ မကြာခင်က ချင်းတောင်မြို့ ကိုဗစ်- ၁၉ အခြေအနေရေးရာ စုံစမ်းစစ်ဆေး ခဲ့ရာ၌ အလုပ်သမားများ နိုင်ငံခြားမှ တင်သွင်းလာသော အအေးစိမ် ကော့ဒ်ငါးများ၏ ထုပ်ပိုးပစ္စည်းအပေါ်မှ သက်ရှိ ကိုဗစ်-၁၉  ဗိုင်းရပ်စ်ကို ခွဲထုတ် နိုင်ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး အကြိမ်အဖြစ် အအေးစိမ် အစားအစာ ထုပ်ပိုးပစ္စည်းအပေါ်မှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ခွဲထုတ်နိုင်ခြင်းဖြစ်ပြီး၊ ယင်းထုပ်ပိုးပစ္စည်းကို ထိတွေ့ကိုယ်တွယ်လျှင် ကိုဗစ်-၁၉ ရောဂါ စွဲကပ်ခံရမည်ဟု အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။