辛甜

တူရကီလုပ်ငန်းရှင်ရဲ့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ရှင်ကျင့်ရဲ့ ၁၀နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု

(GMT+08:00)2020-10-18 23:46:43  

တူရကီလုပ်ငန်းရှင်ရဲ့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ရှင်ကျင့်ရဲ့ ၁၀နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု_fororder_1018-5

နှစ်ပေါင်း၄၀အတွင်းမှာ ရှင်ကျင့်မြို့ဟာ နိုင်ငံတကာမြို့ကြီးတစ်မြို့ ဖြစ်လာပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံခြားသားများက ရှင်ကျင့်သို့ လာရောက်ကာ ၄င်းတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တူရကီ လုပ်ငန်းရှင် Dicle Acıs က ရှင်ကျင့်မြို့မှာ စာသင်ပြီး  အလုပ်လုပ်တာ ၁၀ နှစ်ကြာ ရှိနေပါပြီ၊ သူက ရှင်ကျင့်မြို့ရဲ့ ၁၀နှစ်အတွင်း တိုးတက်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ အခုဆိုရင် Dicle Acıs က ရှင်ကျင့်မှာ နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီကို ဖွင့်လှစ် တည်ထောင်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ရှင်ကျင့်မြို့ဟာ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်အခြေအနေရှိတာကြောင့် နိုင်ငံခြား အဆင့်မြင့် နည်းပညာ လူရည်ချွန်များကို ရှင်ကျင့်မှာ နေထိုင်ဖို့၊ အလုပ်လုပ်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။ Dicle Acısက ရှင်ကျင့်မြို့ကို တစ်နေ့တခြား ပိုပြီး နှစ်သက်သဘောကျလာပါတယ်။ သူက ရှင်ကျင့်မြို့မှာ ဆက်လက် နေထိုင်ရန် မျှော်လင့်တဲ့အပြင် ရှင်ကျင့်မြို့ဟာ နောင်မှာလည်း ပိုမို ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။