宋冉

တရုတ်နိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးအောင်မြင်မှုများကို ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းအဖွဲ့ အရာရှိ ချီးကျူး

(GMT+08:00)2020-10-17 16:26:00  

 အောက်တိုဘာ ၁၇ ရက်နေ့သည် နိုင်ငံတကာ ဆင်းရဲမှု ပပျောက်ရေးနေ့ဖြစ်သလို တရုတ်နိုင်ငံ ဆင်းရဲသူများ ကူညီထောက်ပံ့ရေးနေ့လည်းဖြစ်ပါသည်။

    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းအဖွဲ့သည် ၁၉၇၉ ခုနှစ်က တရုတ်နိုင်ငံကို ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံ၌ ဆင်းရဲသူများ ကူညီထောက်ပံ့ရေးနှင့် ဘေးပြီးကာလ ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ၇၀ ကျော်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ ယခု တရုတ်နိုင်ငံသည် စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှု ခံရသော နိုင်ငံ ဖြစ်ရာမှနေ ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့၏ တစ်ကမ္ဘာလုံး ဆောင်ရွက်မှုဆိုင်ရာ အဓိက လှူဒါန်း နိုင်ငံ ဖြစ်လာပါသည်။ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့ ကိုယ်စားလှယ် ချူစိရှီက နှစ် ၄၀ ကျော်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်း အဖွဲ့သည် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲမှု ပပျောက်ရေးဖြစ်စဉ်ကို မျက်မြင် တွေ့ရှိပြီး တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဆင်းရဲမှုပပျောက်ရေး စံနမူနာဖြစ်သည်ဟု ပြောကြားပါသည်။