宋冉

တရုတ်နှင့်ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်ခိုင်ခံ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2020-10-17 16:19:58  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံ သည် တရုတ်နှင့်ရုရှား နှစ်နိုင်ငံ အကြား အရည်အချင်း မြင့်မားသော နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်း၊ နှစ်နိုင်ငံ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် တည်ငြိမ် ခိုင်ခံ့ပါကြောင်း ၁၆ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး လာဖ်ရော့ဖ်က အမေရိကန်သည် သံတမန်ရေးမူကို လျစ်လျူရှုပြီး ရုရှားက “အမေရိကန်ကို အကူအညီပေးပြီး တရုတ်ပြည်အား အဟန့်အတား ပြုသင့်သည်”ဟု ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်၏ ယင်းလုပ်ရပ်သည် အရှက်မရှိ ဖြစ်သည်ဟု ထင်မှတ်ပြီး တရုတ်နိုင်ငံနှင့် ဝေးဝေးနေပြီး အမေရိကန်အား ဘက်လိုက်ရန် အကြောင်းမရှိကြောင်း ၁၄ရက်နေ့တွင် မီဒီယားများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။