宋冉

နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့ တည်ထောင်၊ တစ်ကမ္ဘာလုံး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးမည်

(GMT+08:00)2020-10-17 16:25:29  

 ဒုတိယအကြိမ် Belt & Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်မှ အောင်ကျိုးရလဒ် စာရင်းထဲက တစ်ခုဖြစ်သည့် နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့ကို အောက်တိုဘာ ၁၅ ရက်နေ့က ပေကျင်း၌ တည်ထောင်ရန် တရားဝင်ကြေညာခဲ့သည်။ ယင်းအငြင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့သည် လွယ်ကူအဆင်ပြေသော၊ တရားမျှတသည့် စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးရန်၊ တရားမျှတသည့် နိုင်ငံတကာ စီးပွားရေးစည်းစနစ်ကို တည်ထောင်ဖို့တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။