宋冉

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့်အတူ တံခါးဖွင့်ရေး၌ အကျိုးတူညီမှုများကို တိုးချဲ့မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2020-10-17 16:15:48  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက၊ တရုတ်နိုင်ငံသည် အပြန်အလှန် အကျိုးရှိစေသော တံခါးဖွင့်ရေး မဟာဗျူဟာကို ဆက်လက် ဦးလည်မသုန် ကျင့်သုံးမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တံခါးဖွင့်ရေး၌ အကျိုးတူညီမှုများကို တိုးချဲ့မည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု၌ အခွင့်အလမ်းများ အတူမျှဝေခြင်းကို အကောင်အထည်ဖေါ်ဆောင်မည် ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ကျောက်လိကျန်းက၊ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် ရပ်တန့်မည် မဟုတ်ကြောင်း၊ တရုတ်ပြည် ဖွင့်ထားသော တံခါးသည် ကြီးသည်ထက် ကြီးမည် ဖြစ်ကြောင်း ပြောကြားပါသည်။