李悦

အမေရိကန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသော ကလေး ဦးရေ ၇သိန်း နီးပါးရှိ

(GMT+08:00)2020-10-16 13:17:50  

အမေရိကန် ကလေးရောဂါကုပညာရှင်များအသင်းနှင့် ကလေးဆေးရုံအသင်းတို့ ပူးတွဲ ထုတ်ပြန်သည့် နောက်ဆုံးရအစီရင်ခံစာအရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးကတည်းက အမေရိကန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသော ကလေး ဦးရေ စုစုပေါင်း ၇သိန်းနီးပါးခန့်ရှိပြီဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် အမေရိကန်မှ ကလေးများ ရောဂါကူးစက်မှုသည် လျင်မြန်စွာ တိုးများလာပြီး နှစ်ပတ်အတွင်း အသစ်ကူးစက်ခံရသော ကလေးဦးရေ ၈ သောင်း ခန့် ရှိကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

သက်ဆိုင်ရာစာရင်းအရ အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၁၄ရက်နေ့ညအထိ အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ စုစုပေါင်း ၇၉ သိန်း ကျော်ရှိပြီး သေဆုံးသူဦးရေမှာ ၂.၁၆သိန်း ကျော်ရှိကြောင်း သိရပါသည်။