马宁

TikTokကို ပိတ်ပင်ရေး အမိန့် ကျင့်သုံးဖို့ ခေတ္တယာယီ ရွှေ့ဆိုင်းရန် အမေရိကန် တရားရုံးက စီရင်ဆုံးဖြတ်

(GMT+08:00)2020-09-29 11:51:31  

  ယခုလ ၂၇ ရက်နေ့ညက အမေရိကန် Colombia ဒေသခံတရားရုံးသည် TikTok ကို အမေရိကန် Mobile APP store ၌ အသုံးပြုခွင့် ပိတ်ပင်ရန် အမေရိကန် အစိုးရ၏အမိန့် ကျင့်သုံးဖို့ ခေတ္တယာယီ ရွှေ့ဆိုင်းရန် စီရင်ဆုံးဖြတ်ခဲ့သည်။ TikTok သည် ထုတ်ပြန်ခဲ့သည့် စီရင်ဆုံးဖြတ်ချက် ထွက်လာပြီး နောက်ပိုင်းတွင် ယင်းစီရင်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ အမေရိကန် အစိုးရနှင့် ဆက်လက် တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး၊ အထက်ပါ စီရင် ဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ကာ သက်ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာအမိန့်နှင့် ဆောင်ရွက်ချက်များကို ဆက်လက် တက်ကြွစွာ ထိန်းသိမ်းဦးမည် ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

  တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် နိုင်ငံတော် လုံခြုံရေး ဟူသည်ကို အကြောင်းပြချက်အဖြစ်ထားပြီး TikTok နှင့် သက်ဆိုင်ရာ ရောင်းဝယ်မှုများကို ပိတ်ပင်ခြင်းသည် သက်ဆိုင်ရာ ကုမ္ပဏီများ၏ တရားမျှတပြီး တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးများကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ ပုံမှန် ဈေးကွက် စနစ်များကို အနှောင့်အယှက်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းလုပ်ရပ်ကို ပြတ်ပြတ် သားသား ကန့်ကွက်ပြီး အမေရိကန်အနေနှင့် ဗိုလ်ကျစိုးမိုးရေးလုပ်ရပ်ကို စွန့်ပစ်ရန် လှုံ့ဆော် တိုက်တွန်းကြောင်း၊ အမေရိကန်က ဇွတ်အတင်း လုပ်ဆောင်ပါက တရုတ် နိုင်ငံသည် လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ပြီး တရုတ် ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ယခုလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြထားပါသည်။