马宁

အခန်းပြာဖိုရမ် ပီကင်း၌ ကျင်းပ

(GMT+08:00)2020-09-29 12:02:29  

  “ရောဂါပြီးခေတ်ကာလတွင် နိုင်ငံတကာစည်းစနစ်နှင့် ကမ္ဘာ့စီမံခန့်ခွဲရေး” ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ နှီးနှောဖလှယ်ဖို့ ပလက်ဖောင်းဖြစ်သည့် “အခန်းပြာဖိုရမ်”ကို ယမန်နေ့ ၂၈ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်အပါအဝင် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင် ၁၀၀နီးပါးတို့သည် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။

  ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဝမ်ယိက နိုင်ငံကြီးအနေနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွင် ထူးခြားသော တာဝန် ဝတ္တရားများကို ထမ်းဆောင်ရကြောင်း၊ ကိုယ့်နိုင်ငံ၏ လုံခြုံမှုအတွက် အခြားနိုင်ငံများ၏ လုံခြုံမှုကို အသုံးချရန်မလိုကြောင်း၊ ဗိုလ်ကျစိုးမိုးမှုဖြင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးအခွင့် အရေးကို ထိခိုက်ရန် မလိုကြောင်း၊ တရုတ်ပြည်အနေနှင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ကမ္ဘာ့ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွင် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ “Belt&Road” အရည်အသွေးမြင့်မားစွာ အတူ တည်ဆောက်ရေးလုပ်ငန်းကို ဆက်တိုက် တွန်းအားပေးမည်ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကတိပြုချက်များကို လက်တွေ့ကျကျ ဖော်ဆောင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာအတူအရေးထားကြသည့် ကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။

  ယင်းဖိုရမ်တွင် တက်ရောက်လာကြသူများမှ “ကမ္ဘာ့စီမံခန့်ခွဲရေးနှင့် ဘက်ပေါင်းစုံ ဝါဒ”၊ “စီးပွားရေးနာလန်ပြန်ထူရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး”၊ “ဆက်တိုက် ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်စေရေး”စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။