马宁

G 20 ထိပ်သီးအစည်းအဝေး ဗီဒီယိုအသွင်ပုံစံဖြင့် ကျင်းပမည်

(GMT+08:00)2020-09-29 13:51:49  

  ယခုနှစ် G20 ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ ဗီဒီယိုအသွင်ပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျ ဘုရင် Salman သည် အွန်လိုင်းအစည်းအဝေးကို ဦးစီးကျင်းပမည်ဖြစ်ကြောင်း၊ ယခုနှစ် မတ်လတွင် ကျင်းပ ခဲ့သည့် ကိုဗစ်-၁၉ ရိုက်ခတ်မှုအား ဖြေရှင်းရန်  G20 အထူးထိပ်သီးအစည်းအဝေး၊ ၀န်ကြီးအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့အစည်းအဝေး စုစုပေါင်း ၁၀၀ ကျော်၌ ရရှိခဲ့သည့် ရလဒ်အကျိုးများအပေါ်တွင် အခြေခံကာ လူသား၏ကျန်းမာရေးနှင့် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ယင်း G20 ထိပ်သီး အစည်းအဝေးမှာ အလေးထားဆွေးနွေးမည်ဖြစ်ကြောင်း ယခုလ ၂၈ ရက်တွင် G20 အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဆော်ဒီအာရေဗျသည် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။