马宁

တရုတ်ကုမ္ပဏီများအပေါ် အမေရိကန် နိုင်ငံရေးသမားများ၏ ဖိနှပ်မှုသည် တရား ဥပဒေကိုကျောခိုင်းခြင်းဖြစ်ပြီး လူအများ၏ လိုလားမှုနှင့် ဖီလာဆန့်ကျင်

(GMT+08:00)2020-09-29 12:02:06  

  အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ယခုလ ၂၇ရက်နေ့ညက Washington D.C ပြည်ထောင်စုတရားရုံးတရားသူကြီးCarl J Nichols သည် အာဏာတည်တော့မည့် TikTok ပိတ်ပင်ရေးအမိန့်ကို ခေတ္တရပ်ဆိုင်းသည်ဟု စီရင်ဆုံးဖြတ်ခဲ့ကြောင်း၊ သတိထားစရာ တစ်ချက်မှာ မကြာခင်က မြောက်ကယ်လီဖိုးနီးယားပြည်နယ် ပြည်ထောင်စု တရားရုံးသည်လည်း Wechat အပေါ် ပိတ်ပင်မှု အမိန့်ကိုအရေးပေါ် ရပ်ဆိုင်းသည်ဟု စီရင်ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းစီရင်ဆုံးဖြတ်ချက် ၂ရပ်သည် သက်ဆိုင်ရာတရုတ် သိပ္ပံ နည်းပညာကုမ္ပဏီများအပေါ် အမေရိကန် အစိုးရ၏ ဖိနှိပ်မှုသည် တရားဥပဒေဆိုင်ရာ အထောက်အပံ့မရှိခြင်းကို ထပ်မံပြဆိုနေကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  TikTokနှင့် သက်ဆိုင်ရာအမေရိကန် ကုမ္ပဏီများအကြား ရရှိသော လက်ရှိ သဘောတူညီချက်သည် ကူးသန်းရောင်းဝယ်မှု သက်သက်မဟုတ်ဘဲ အမေရိကန် အစိုးရမှ ပြောင်ပြောင် တင်းတင်းပြုလုပ်သော နိုင်ငံရေး ခြိမ်းခြောက်အကျပ်ကိုင်ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံရေးသမားအချို့မှ ကိုယ့်နိုင်ငံရေးအကျိုးစီးပွားအတွက် ပြုလုပ်သော ရိုင်းစိုင်းသည့် ဖိနှိပ်မှုလည်း ဖြစ်ကြောင်း၊ မိုးဒဏ်လေဒဏ်ခံခဲ့သော နိုင်ငံကြီးတစ်နိုင်ငံအနေနှင့် တရုတ်ပြည်သည် မည်သည့် ခြိမ်းခြောက်မှုကိုမျှ တစ်ပြားသားမှ အညံ့ခံမည်မဟုတ်ဘဲ တရုတ် ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေး များကို ထိန်းသိမ်းကာကွယ်ရန်အတွက် လိုအပ်သည့် ဆောင်ရွက်ချက် မှန်သမျှကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် ဗိုလ်ကျ စိုးမိုးရေး ဝါဒသည် ရှုံးနိမ့်သွားမည်မှာ မုချမလွဲဖြစ်ကြောင်း China Media Group ကဖော်ပြသည်။