马宁

နိုင်ငံကြီးအနေနဲ့ ပိုမိုများပြားသော အာဏာပိုင်ဆိုင်တာ မဟုတ်ဘဲ ပိုမို ကြီးမားသော တာဝန် ဝတ္တရားကို ထမ်းဆောင်ရတာ ဖြစ်တယ်လို့ ဝမ်ယိ ဆို

(GMT+08:00)2020-09-29 11:47:36  

  ယခုလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဘော်ဇ်ကေရ်ကို တယ်လီဖုန်းဖြင့် ဆယ်သွယ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ သတင်းအရ သိရပါတယ်။

  ဝမ်ယိက ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ ဂယက်ရိုက်ခတ်မှုကို ရင်ဆိုင်လျက် နိုင်ငံ အသီးသီးတို့အနေနဲ့ ပိုမို ရင်းနှီးစွာ သွေးစည်းညီညွတ်ရမှာ ဖြစ်ကြောင်း၊ ဒါ့အတွက် ကုလသမဂ္ဂက အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ ဌာနများနဲ့ ကူးလူး ဖလှယ် ညှိနှိုင်းမှုကို အားဖြည့်ပြီး ကိုဗစ်-၁၉ ရောဂါကို နိုင်ငံရေးကိစ္စ ဖြစ်အောင် ကြံဆပြုလုပ်ခြင်းကို ပူးတွဲ ဆန့်ကျင်ကာ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး မှန်ကန်တဲ့ ဦးတည်ချက်ကို စွဲကိုင် သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

  ဆက်လက်ပြီး ဝမ်ယိက မိမိတို့သည် တစ်ကမ္ဘာလုံး အပြန်အလှန် ဆက်သွယ်ထားတဲ့ ခေတ်ကာလသို့ ဝင်ရောက်ပြီ ဖြစ်ပြီး တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဝါဒနဲ့ သူတစ်ပါး အထီးကျန် ဖြစ်စေရေးဝါဒတို့ဟာ ထွက်လမ်းရှိနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံကြီး အနေနဲ့ ပိုမိုများပြားတဲ့ အာဏာ ပိုင်ဆိုင်တာ မဟုတ်ဘဲ ပိုမို ကြီးမားတဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ရတာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ကောင်စီဝင်နိုင်ငံ အဖြစ်နဲ့ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂကို အမြုတေအဖြစ်ထားတဲ့ နိုင်ငံတကာ စနစ်များကို ပြတ်ပြတ်သားသား ထောက်ခံမှာ ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အခြေခံအဖြစ် ထားတဲ့ နိုင်ငံတကာ စည်းစနစ်ကို ပြတ်ပြတ်သားသား ထောက်ခံမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။