朱蕾

သတ္တမအကြိမ် တရုတ်ပြည်သူ့ ဗော်လန်တီယာတပ် အာဇာနည်များ၏ ရုပ်ကလာပ်များ လွှဲပြောင်းပေးအပ်ရေး အခမ်းအနား ကျင်းပ

(GMT+08:00)2020-09-28 08:37:42  

  တောင်ကိုရီးယားရှိ သတ္တမ အသုတ် တရုတ်ပြည်သူ့ ဗော်လန်တီယာတပ် အာဇာနည် ၁၁၇ ဦး၏ ရုပ်ကလာပ်များအား လွှဲပြောင်းပေးအပ်ရေး အခမ်းအနားကို ယခုလ ၂၇ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့ပါသည်။

  တောင်ကိုရီးယားဆိုင်ရာ တရုတ် သံအမတ်ကြီး ရှင်ဟိုင်မင်က China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ ငြိမ်းချမ်းရေး မြတ်နိုးခြင်းသည် တရုတ် အမျိုးသား၏ အစဉ်အလာကောင်း ဖြစ်ပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးသည် တရုတ်ပြည်သူများ၏ ပြတ်သားသော သန္နိဋ္ဌာန်ဖြစ်ကြောင်း၊ တရုတ် ပြည်သူ့ ဗော်လန်တီယာတပ် အာဇာနည် များ၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လူသားများ တိုးတက်ရေးအတွက် ကြီးမားသော အကျိုးပြု စွမ်းဆောင်မှုကို မိမိတို့ စွဲစွဲမြဲမြဲ မှတ်ထားမည်ဖြစ်ပြီး ဒုက္ခအခက်အခဲများစွာ ခံပြီးမှ ရရှိနိုင်သည့် ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

  ရှင်ဟိုင်မင်က ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံသည် ၆ နှစ် ဆက်တိုက် တရုတ်နိုင်ငံအား တရုတ်ပြည်သူ့ ဗော်လန်တီယာတပ် အာဇာနည် ၅၉၉ ဦးတို့၏ ရုပ်ကလာပ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအကြိမ် အာဇာနည် ၁၁၇ ဦးကို ပေါင်းလျှင် စုစုပေါင်း အာဇာနည် ၇၁၆ ဦးတို့၏ ရုပ်ကလာပ်များကို တရုတ်ပြည်အား လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ကြောင်း ပြောကြားပါသည်။