朱蕾

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါသည်ဦးရေ တစ်သောင်းကျော်ရှိ

(GMT+08:00)2020-09-28 15:17:21  

  မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ၂၇ရက်နေ့က ထုတ်ပြန်သော ကိုဗစ်-၁၉ရောဂါ အခြေအနေစာရင်းအရ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါသည်ဦးရေ (၁၀၇၃၄)ဦးရှိပြီဖြစ်ပြီး (၂၂၆)ဦးသေဆုံးကာ ဆေးရုံမှဆင်းသွားသူဦးရေ (၂၈၆၂)ဦး ရှိကြောင်း သိရပါသည်။

  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံထဲတွင် ခရီးမသွားရအမိန့်ကို မကြာခင်က ကျင့်သုံးဆောင်ရွက်ပြီး နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းဆိုင်ရာ ယာယီကန့်သတ်သော အချိန်ကို အောက်တိုဘာလ လကုန်အထိ တိုးမြှင့်ထားကြောင်း၊ ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်း ဒေသကြီးရှိမြို့နယ်များတွင် “အပြင်မထွက်ရအမိန့်”ကို ကျင့်သုံး ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ညမထွက်ရအမိန့်ကိုလည်း ချမှတ်ထားကြောင်း သတင်းရရှိပါသည်။