朱蕾

ကမ္ဘာလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အား ဒေတာအချက်အလက်များဖြင့် ထောက်ခံခြင်း အစီရင်ခံစာ (၂၀၂၀) ထုတ်ပြန်

(GMT+08:00)2020-09-28 09:02:22  

  ယခုလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု စီမံကိန်းအဖွဲ့ (UNDP) တို့သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် ဗီဒီယို အစည်းအဝေးကို ကျင်းပရာတွင် တရုတ်နိုင်ငံသည် တရုတ်သိပ္ပံပညာ တံခွန်အသင်းကြီးက ရေးသားပြုစုထားသည့် “ကမ္ဘာလုံး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အား ဒေတာအချက်အလက်များဖြင့် ထောက်ခံခြင်း အစီရင်ခံစာ (၂၀၂၀)”ကို ထုတ်ပြန်ခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များက ယင်းအစီရင်ခံစာသည် သိပ္ပံနည်းပညာဖြင့် ကုလသမဂ္ဂ၏ ၂၀၃၀ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ကမ္ဘာလုံးတွင် အကောင်အထည်ဖော်ဆောင်ရန် အကျိုးပြုမည်ဟု ပြောကြားခဲ့ကြပါသည်။