朱蕾

ရှင်းကျန်း၏ ရေရည်တည်ငြိမ်ရေးနှင့် တည်တံ့ခိုင်မြဲရေးကြောင့် အမေရိကန်၏ “ရှင်းကျန်း ကို အသုံးပြုပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တား”ရန် ကြံစည်ချက် ရှုံးနိမ့်သွားပြီ

(GMT+08:00)2020-09-28 10:28:25  

  မကြာခင်က ကျင်းပခဲ့သော တတိယအကြိမ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ရှင်းကျန်းလုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တရုတ် ထိပ်သီးခေါင်းဆောင် ရှီကျင့်ဖိန်သည် ၂၀၁၄ခုနှစ် ဒုတိယအကြိမ် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ရှင်းကျန်းလုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပခဲ့သည့် နောက်ပိုင်းတွင် ရှင်းကျန်း၏ စီးပွားလူမှုရေးဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ်များကို ဘက်ပေါင်းစုံမှ ပေါင်းရုံး သုံးသပ်ပြီး ရှင်းကျန်း၏ ရေရည်တည်ငြိမ်ရေးအပါအ၀င် တည်တံ့ခိုင်မြဲရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဘက်စုံစီစဉ် ညွှန်ကြားခဲ့ကြောင်း China Media Groupမှ သတင်းအရသိရသည်။

  ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှင်းကျန်းဒေသ၏ GDP နှစ်စဉ်ပျမ်းမျှ တိုးနှုန်းမှာ ၇့၂ရာခိုင်နှုန်းရှိပြီး တစ်ပြည်လုံး နှစ်စဉ် ပျမ်းမျှတိုးနှုန်းထက် ပိုမြင့်ကြောင်း၊ ရှင်းကျန်း ပြည်နယ်သူပြည်နယ်သားများ၏ လူတစ်ဦးချင်းပျမ်းမျှ ဝင်ငွေ၏ နှစ်စဉ် ပျမ်းမျှတိုးနှုန်းမှာ ၉့၁ရာခိုင်နှုန်းရှိကြောင်း၊ ဆင်းရဲမှု ဖြစ်ပွားမှုနှုန်းမှာ ၁၉့၎ရာခိုင်နှုန်းရှိသည်မှ ၁့၂၄ရာခိုင်နှုန်း အထိ ကျဆင်းလာကြောင်း၊ ၂၀၂၀ပြည့်နှစ် နှစ်ကုန်အထိ ဆင်းရဲသူအားလုံး၏ ဆင်းရဲမှု ပပျောက်စေရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ၆နှစ် အတွင်း ရှင်းကျန်းအား တရုတ်ဗဟိုဘဏ္ဍာငွေ ထုတ်ပေးမှု စုစုပေါင်းပမာဏမှာ ယွမ်ငွေ ဘီလီယံ ၂၀၀၀ ကျော် ရှိကြောင်း၊ ယင်းကိန်းဂဏန်းစာရင်းများသည် ရှင်းကျန်း၏ စီးပွားလူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် မကြုံစဖူး ကြီးမားသည့် အောင်မြင်မှုများရရှိခြင်း ပြဆို နေကြောင်း၊ ရှင်းကျန်းတိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားရရှိခြင်း၊ စိတ်ချမ်းသာမှုနှင့် လုံခြုံစိတ်ချရမှုသည် ဆက်တိုက်တိုးများလာကြောင်း၊ အနာဂတ်တွင် ရှင်းကျန်း၏ တံခါး ဖွင့်မှုကို တစ်ဆင့်တိုး အဆင့်တိုးမြှင့်မည်ဖြစ်ပြီး ရေရှည်တည်ငြိမ်ရေး၊ တည်တံ့ခိုင်မြဲရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအားကောင်းသော ကျားကန်ပေးမှုကို ဖော်ဆောင် ပေးမည် ဖြစ်ကြောင်းChina Media Group က ဖော်ပြသည်။

  သို့သော် အမေရိကန် နိုင်ငံရေးသမားအချို့သည် ရှင်းကျန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများအပေါ် တစ်ဖက်သတ်တစ်ယူသန် အမြင်ဖြင့် ရှုမြင်ပြီး လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးများကို ဗန်းပြပြီး တရုတ်ပြည်၏ ဂုဏ်သိက္ခာ ပျက်ပြား အောင် လုပ်ဆောင်ပြောဆိုကြောင်း၊ ယခုလ ၂၅ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၄၅ကြိမ်မြောက် အစည်းအဝေး ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် နိုင်ငံများစွာမှ ကိုယ်စားလှယ်များက မိန့်ခွန်းအသီးသီးပြောကြားရာ၌ တရုတ်ပြည် အပေါ် အားပေးထောက်ခံကြောင်း၊ ရှင်းကျန်းနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တရုတ် ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်မှုကို ရပ်စဲရန် သက်ဆိုင်ရာ နိုင်ငံများအား တိုက်တွန်း နှိုးဆော်ကြောင်း ဖော်ပြသည်။ မည်သည့် အင်အားမျှ ရှင်းကျန်းတိုင်းရင်းသားလူမျိုးစုများ၏ လူမှုရေး ရေရှည်တည်ငြိမ်မှုနှင့် တည်တံ့ခိုင်မြဲမှုကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းမှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း China Media Group က ဖော်ပြသည်။