朱蕾

နိုင်ငံများစွာမှ အကြီးအကဲများသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် ရည်မှန်းချက်နှင့်မူကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်ရန် ကတိပြု

(GMT+08:00)2020-09-28 09:01:11  

  ၂၆ရက်နေ့သည် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲကို ကျင်းပသည့် ပဉ္စမနေ့ဖြစ်ပါသည်။ နိုင်ငံ များစွာမှ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင်  ကုလသမဂ္ဂ ပဋိညာဉ် စာချုပ် ရည်မှန်းချက်နှင့်မူကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်ပြီး တစ်ဖက်သတ်ဝါဒကို ကန့်ကွက်ကာ တရားမျှတရေးကို ထိန်းသိမ်းရန် ကတိပြုပါကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ဟာရှီနာ က ကိုဗစ်-၁၉ရောဂါဖြစ်ပွါးခြင်းသည် နိုင်ငံစုံဝါဒ၏ မရှိမဖြစ် အရေးပါမှုကို ပေါ်လွင်လာစေကြောင်း အလေးထား ပြောကြား ခဲ့ပါသည်။

  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟုန်စိန်က တစ်ဖက်သတ်ဝါဒနှင့် အားနည်းသော နိုင်ငံအား လက်နက်အင်အားဖြင့် အနိုင်ကျင့်သည့် အင်အား ဦးမော့နေပြီး နိုင်ငံတကာ စည်းစနစ်နှင့် နိုင်ငံစုံဝါဒကို ခြိမ်းခြောက်မှု ဖြစ်စေနေကြောင်း ပြောကြားခဲ့ပါသည်။

  ဆီးရီးယားနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Walid Muallem က နိုင်ငံ အချို့သည် အတင်းအကျပ် ဆောင်ရွက်မှုကို တစ်ဖက်သတ် ပြုလုပ်ခြင်းသည် နိုင်ငံတကာ ဥပဒေကို သိသာစွာ ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။