朱蕾

တရုတ်သည် ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချရေးဆိုင်ရာ ကတိပြု

(GMT+08:00)2020-09-28 10:48:57  

  ၇၅ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်သည် ၂၀၃၀ပြည့်နှစ် နောက်ပိုင်းတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု ဆက်တိုက် မတိုးများစေရန်နှင့်  ၂၀၆၀မကုန်မီ carbon neutralကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟုကတိကဝတ်ပြုခဲ့သည်။ ယင်းကတိပြုခြင်းသည် တရုတ် နိုင်ငံက နိုင်ငံကြီးအနေနှင့် နိုင်ငံတကာ တာဝန်ယူတတ်ခြင်းကို ဖော်ပြပြီး တစ်ကမ္ဘာလုံး၏ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်စိတ်ကို တိုးများ၍ တရုတ်နိုင်ငံတွင် စီးပွားလူမှုရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူပညာရှင်များက ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။