朱蕾

တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခြင်းသည် တရားမဝင်သည့်အတွက် ထရန့် အစိုးရအား အမေရိကန် ကုမ္ပဏီ ၃၅၀၀ ကျော် တရားစွဲဆို

(GMT+08:00)2020-09-28 08:39:25  

တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခြင်းသည် တရားမဝင်သည့်အတွက် ထရန့် အစိုးရအား အမေရိကန် ကုမ္ပဏီ ၃၅၀၀ ကျော် တရားစွဲဆို_fororder___172.100.100.3_temp_9500049_1_9500049_1_6012_72c653c7-654d-41c8-b01d-5db4d905defd

  လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း Tesla ၊ Ford Motor ၊ Target ၊ Walgreen ၊ နှင့် Home Depot အပါအဝင် အမေရိကန် ကုမ္ပဏီ ၃၅၀၀ ကျော်တို့သည် ထရန့် အစိုးရ အပေါ် တရားစွဲဆိုမှု တင်ပြပြီး ထရန့်အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခြင်းသည် တရားမဝင် လုပ်ရပ် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်ဟု ရိုက်တာသတင်းဌာနမှ ယခုလ ၂၆ ရက်နေ့က သတင်းတွင် ဖေါ်ပြထားပါသည်။

  ယင်းကုမ္ပဏီများက အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တရားရုံးသို့ တရားစွဲဆိုမှု တင်ပြပြီး၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ထိန်းသိမ်းကာကွယ်ရေးဌာနတို့သည် တရုတ် ကုန်ပစ္စည်းများအပေါ် ကြိမ်ဖန်များစွာ အခွန် တိုးကောက်ပြီး ကုန်သွယ်ရေး အငြင်းပွါးမှု ပိုမို ပြင်းထန်လာအောင် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ပြစ်တင်ဝေဖန်မှုကို ဖေါ်ပြ ထားပါသည်။

  Dana Corp. ကော်ပိုရေးရှင်းက အမေရိကန်သည် နယ်စည်းမခြား၊ ကန့်သတ်မှု မရှိ ဖြစ်သည့် ကုန်သွယ်ရေးစစ်ပွဲကို ပြုလုပ်သဖြင့် ၄င်းကုမ္ပဏီ၏ ဒေါ်လာ ၃၊၄၊၅ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ထိခိုက် ဂယက်ရိုက်ခတ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။ Walgreen ကုမ္ပဏီက ၄င်းတို့သည် ရုံးသုံးပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ အတွက် ခါတိုင်းထက် များစွာ ပိုမိုမြင့်မားသော ကုန်ကျစရိတ်ကို ကျခံခဲ့ရကြောင်း ပြစ်တင် ဖေါ်ပြထားပါသည်။

  အမေရိကန် နယူးယောက် တိုင်းမ်စ် သတင်းစာတွင် ထရန့်အစိုးရ၏ အခွန် တိုးကောက်သည့် လုပ်ရပ်မှာ အမှန်တော့ အမေရိကန်နိုင်ငံသားများအပေါ် အခွန် တိုးကောက်ခြင်းပင် ဖြစ်သည်ဟု ရေးသားဖေါ်ပြထားပါသည်။